Welcome To Karenni Refugee Camps!!!

Wednesday, March 4, 2015

အမှတ်(၁)ဒုက္ခသည်စခန်းတွင်း ရပ်ကွက်(၁၅) အိမ်မီးလောင်

ဒီနေ့မနက် (၈)နာရီအချိန်တွင် မီးလောင်သည်ဟုသိရပါသည်။ ၄င်းအိမ်သည် သားသမီး သုံးယောက်သာနေထိုင်ကျပြီး မိခင်ဖြစ်သူသည် မနက် အစောကြီးအချိန်တွင် ဖက်ကောက်ရန် ထွက်သွားပါသည်။ ကျန်နေခဲ့သော သာသမီးနှစ်ဦးသည် ၆ နှစ်သားအရွယ်သားဖြစ်ပြီး ကျောင်းမသွားခင် မီးချစ်နှင့် ဖယောင်းတိုင်ကိုကစားခဲ့သည် ထိုသို့မှတစ်ဆင့် မီးလောင်ခဲ့သည်ဟု အိမ်နီးနားချင်းတစ်ဦး ပြောပါသည်။ ထိုမိသားစု ယာယီနေထိုင်စားသောက်ဖို့အတွက် စခန်းကော်မီတီမှ ကူညီပေးနေသည်၊ အခြား အဖွဲ့အစည်းထံအကူအညီမရသေးဟု သိရှိရသည်။ မီးကိစ္စနှင့် ပါတ်သက်၍ ယခုအချိန်သည် နွေရာသီဖြစ်ပြီး စခန်းသူစခန်းသားများအားလုံး ဂရုတစိုက်နှင့် တတိရှိရှိထိုင်ဖို့လိုပြီ ဟုလည်း စခန်းကော်မီတီမှ ပြောပါသည်။


Friday, August 29, 2014

၂၆ရက်ည အမှတ်(၁)ဒုက္ခသည်စခန်းမိုးကြီး ရေကြီးဖြစ်ပွား

သြဂုတ်လ ၂၆ ရက်ည (၁၀)နာရီအချိန်တွင် မိုးစရွာသွန်းပြီး ၁၁ နာရီခွဲလောက်အချိန်တွင် ရေစကြီးလာပါသည်။ ၄င်းရေးကြီးလာမှုသည် အချိန်နုန်းဖြင့် ကြီးလာပြီး ရေချောင်းဘေးတစ်လျောက်ရှိ နေထိုင်သော မိသားစုများ အိုးအိမ် တိရိဆန်များမချို့ ဆုံးရုံးခဲ့ပါသည်။ ဒီရေကြီးမှုသည် အရင်နှစ်တိုင်းလိုမဟုတ်ဘဲ မိုးပိုများပြီး အပျက်စီးပိုများပါသည်။

၎င်း၏ပုံများကို အောက်တွင် ကြည့်ရူ့နိုင်ပါသည်။







  

Sunday, August 24, 2014

ကရင်နီ ဒုက္ခသည် ပညာရေး အခြေအနေ

ကရင်နီ ဒုက္ခသည် ပညာရေး အခြေအနေ ပြောင်းလဲမူကြောင့် ကျောင်းသူ/သားများး အတွက် စာမေးပွဲဖြေမှု အခက်အခဲနှင့် ကြုံတွေ့ရသည်ဟု ကျောင်းဆရာ/မ နှင့် ကျောင်းသူ/သားများး အချို့ ပြောကြပါသည်။ ဒီနှစ်ကျင့်သုံးသော ပညာရေးစနှစ်ဟာ အရင်ကနှစ်တွေနှင့် မတူတော့ဘဲ ဘုံမေးခွန်းစနှစ် ဖြစ်ပြောင်းလဲဖြေဆိုတော့ကြောင့် ကျောင်းသူ/သားများ အများစုက စာမေးပွဲ မဖြေနိုင်ကြဟု ပထမအစမ်းစာမေးပွဲဖြေဆိုပြီးအတော့အတွင်း သတင်းကြားရပါသည်။ ထိုအတူ ကရင်နီဒုက္ခသည် စခန်း၏ ပညာရေးဟာ မြန်မာပညာရေးစနှစ်မဟုတ်သလို ထိုင်းပညာရေး စနှစ်လည်း မဟုတ် ကြားညုပ်ဖြစ်နေမှုဖြစ်သောပုံစံဖြစ် ကျောင်းသူကျောင်းသားများအတွက် အသစ်အစန်းဖြစ်သောကြောင့် ဒုက္ခသည်နေကျာင်းသူ/သားများအများအတွက် အလွန်ခက်ခဲမှုတစ်ခုဖြစ်ပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင် အများအပြား ပြပဿ     နာကြုံရသည်ဟု ကြားသိရပါသည်။ ဤသို့ဖြစ်၍ လာမည်အနာဂတ်မှာ ကျောင်းသူ/သားတွေအတွက် အောင်မြင်မူ နည်းသွားနိုင်သည်ဟု မိဘပြည်သူအချို့သုံးသပ်ပြီး ပြောဆိုကြသည်ကို တွေ့ရှိရသည်။





About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.