ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီလို စခန်းကို အ၀င်အထွက်စည်းကမ်းတင်းကျပ်ထားပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက နိုးဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည် လူဦးရေကောက်ခံမှုတွေ လုပ်နေပြီး ဒီကနေ့မှာတော့ အုန်းဖျန်ဒုက္ခသည်စခန်းကို လူဦးရေ စာရင်းကောက်ခံတယ်လို့ အုန်းဖျန် ဒုက္ခ သည်စခန်း ဥက္ကဌ စောဝါးထီးက ပြောပါတယ်။
လာမယ့် ဇွန်လိုင် ၁၅ ရက်နေ့မှာလည်း ဒုက္ခသည်စခန်းတွင်းမှာ အိမ်ထောက်စုအလိုက် ပြန်လည်စိစစ်ဖို့ရှိနေပါတယ်။
ဒုက္ခစခန်းကို မပိတ်ခင် ပြီးခဲ့တဲ့ တပတ်အတွင်းမှာလည်း အပြင် စာသင်တဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အပြင်အလုပ်ထွက်လုပ်သူတွေကို ပြန်ခေါ်ပြီး ဒုက္ခသည် အရေအတွက်ကို ပြန်လည်စိစစ်နေတာလည်းဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေကြရပြီး အများစုက ကရင် ဒုက္ခသည်တွေ ဖြစ်ပါတယ် လို့ DVB သတင်း စာမျက်နာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment