ကေးထျိုးဘိုး(ခေါ်)တံခွန်တိုင်ပွဲတော်ဖြစ်ပေါ်လာပုံနှင့်
သက်ဆိုင်သောရိုးရာပုံပြင်မှာလည်း အထူးစိတ်ဝင်စား ဖွယ်ကောင်းလှပေသည်။ ကရင်နီအမျိုးသားအနွယ်ဝင်များ၏
ဘိုးဘွားအစဉ်အဆက်သည် ရှေးအခါက မိုးထိ လုနီးပါးအလွန်မြင့်မားသည့်အခြားကမ္ဘာတောင်ထိပ်တစ်ခုတွင် နထိုင်ကြပြီး တစ်နှစ်တစ်ကြိမ်ကွယ်လွန်သူ အကြီးအကဲများနှင့် မိဘများကို တိုင်အမျိုးမျိုးစိုက်ထူကာ
ပူဇော်ပသပွဲများကျင်းပ၍ ကန်တော့ကြသည်ဟုဆို သည်။ဤကဲသို့ ပူဇော်ပသပွဲများကျင်းပသောအခါ
စိုက်ထူရန်တိုင်များအတွက် ဖိုဟဲ့ခေါ်အပင်ကို ရွေးချယ်၍ပြု လုပ်ကြသည်။ပထမအမတ်တိုင်ကို
ခုတ်ဖြတ်၍ စိုက်ထူကြပြီးနောက် တိုမော်ခေါ်အပင်ကို ခုတ်ဖြတ်၍ အဖိုတိုင် ပြုလုပ်ကြသည်။နောင်အခါတွင်
ကယားဘာသာဖြင့် ထျိုးဘိုးတိုင်ဖြစ်လာလေသည်။
ထိုမှတစ်ဆင့် ကေးထျိုးဘိုး တံခွန်တိုင်ဟုအမည်တွင်လာသည်။ အလွန်မြင့်မားသော
အခြားကမ္ဘာတောင်ထိပ်နေရာတွင် နေထိုင်ကြသော ကရင်နီအမျိုးသား ဘိုးဘေးဘီဘင်များသည် နှစ်ပေါင်းများစွာကြာလာသောအခါ
ကမ္ဘာမြေပြင်အရပ်ရပ်သို့ ဆင်း သက်လာခဲ့ကြသည်။ မိမိတို့နေထိုင်ရာနေရာကို ရွေးချယ်သည့်အခါ
ထိုနေရာသစ်မှာ ကျောက်တံခါးကြီးက ပိတ် နေသဖြင့် ကျောက်တံခါးကြီးကို အလွန်ခဲယဉ်းစွာ နည်းအမျိုးမျိုးတို့ဖြင့်
ထိုးဖောက်ကြရာ နောက်ဆုံးတွင်ထ မြောက်အောင်မြင်ခဲ့ကြပြီးလျှင် ကျောက်တံခါးကြီးမှာ ပြိုပျက်၍သွားလေသည်။တံခါးကြီးကိုချိုးဖောက်၍
လာကြ သော လူများနှင့်တိရစ္ဆာန်များသည် အင်းကြီးတစ်အင်းကို ဖြတ်ကျော်၍ တစ်ဖက်ကမ်းတွင်အခြေစိုက်ကာ
နေထိုင်ကြသည်။ထိုနေရာမှာ အလွန်အေးချမ်းသာယာသဖြင့် လူတို့သည် မိမိတို့နေရာဟောင်းတွင်
နေထိုင်စဉ် ကပြုလုပ်စမြဲဖြစ်သည့် ကေးထျိုးဘိုးပွဲများကို သတိရလာကြသဖြင့် ထိုပွဲမျိုးကိုကျင်းပ၍
ကခုန်ကြရန် ကြံစည် ကြလေသည်။သို့ဖြစ်၍ တံခွန်တိုင်များကို စိုက်ထူကြလေ၏။
အစပထမတွင်
တံခွန်တိုင်များအတွက် သစ်ရာ၊အင်ကြင်းစသည့်သစ်များကို အသုံးပြုကြသည်။ယင်းသစ်များမှာ
အဆီထွက်ပြီးပေကျံတတ်သဖြင့် နောင်အခါတွင် ကျွန်သစ်များဖြင့် တံခွန်တိုင်ကိုထူကြသည်။ရှေးအခါက
တိုင် စိုက်ထူသည့်အခါတွင် ည၌စိုက်ထူလေ့ရှိရာ တိုင်များမကြာခဏလှဲသဖြင့် နတ်မင်းကြီးအား
မေးမြန်းလျှောက် ထားသောအခါ နေ့တွင်ကေးထျိုးဘိုးတိုင်များကို စိုက်ထူပြီးကေနတ်(တောနတ်)ကို
ပူဇော်ပသသည့်အခါ နေ့ဖက်တွင် တောကောင်ကိုလိုက်လေ့ရှိကြသည်။ဖိုတိုင်များကို စိုက်ထူပြီးသောအခါ
လူတို့သည် ကောင်းကင် ဘုံ၌ရှိသော ဘိုးဘွားများအား ရည်စူးပူဇော်ကာ တပျော်တပါးကခုန်မြူးထူးကြသည်။
ထိုပွဲကိုစတင်ကျင်းပစဉ်အခါတုန်းက
ထိုသူများတွင် ဗုံ၊နှဲ၊လင်းကွင်းစသည့် တူရိယများမရှိချေ။လင်းကွင်းအစား လက်ဝါးချင်းတီးခတ်၍လည်းကောင်း၊ဗုံအဖြစ်ရင်ပတ်ကိုတီးခတ်၍လည်းကောင်း၊မောင်းအဖြစ်လည်းကောင်း
ကခုန်ကြရသည်။ထို့နောက် ရှဉ့်အသံကိုတု၍ ပါးစပ်ဖြင့်မှုတ်ရသည့်ပြွေကို တီထွင်ကြသည်။လိပ်ပြာတောင်ပံ
ခတ်သံကိုတု၍ ၀ါးလက်ခုတ်ကို တီထွင်ကြသည်။ကျောက်ခေါင်းမှဟိတ်သည့် အသံကိုတု၍ ဗုံကိုတီထွင်ကြ
သည်။နောင်အခါတွင် သစ်ပင်၏ပင်စည်ကိုထွင်းပြီး ဗုံအဖြစ်ပြုလုပ်ကြသည်။
တူရိယကိုတီးမှုတ်သူများက
တီးကြမှုတ်ကြပြီး ကျန်လူအချို့ကစည်းချက်၊ဆိုင်းချက်အလိုက် ကိုယ်ကိုယိမ်းကာ ခြေကိုကွင်း၍ရှေ့ထိုးနောက်ငင်နှစ်ခါ၊သုံးခါပြုလုပ်ရုံမျှဖြင့်
မိုးစ၍အုံ့လာပြီး မိုးတဖွဲ့ဖွဲ့ကျလာလေသည်။ထိုအချိန်မှ စ၍ ယခုကာလတိုင်အောင်ရာသီအလိုက်၊ဒေသအလိုက်နှစ်စဉ်နှစ်တိုင်း
တံခွန်တိုင်ပွဲ သို့မဟုတ် မိုးခေါ်ပွဲကို ကျင်းပကြလေသည်။ယင်းပွဲကို နွေရာသီသင်္ကြန်ပွဲပြီးခါစလောက်တွင်
ကျင်းပလေ့ရှိပြီး ကောက်ပဲသီးနှံများဖွံ့ဖြိုး စေခြင်းငှာ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်လေသည်။
No comments:
Post a Comment