Welcome To Karenni Refugee Camps!!!

Sunday, June 15, 2014

ကရင်နီအမျိုးသမီးများရာဇ၀င်



လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကရင်နီလူမျိုးများဖြစ်တဲ့ ကယမ်းလူမျိုးတွေဟာ အလွန်ချောပါတယ်။အခုလို လဲ လည်ပင်းမှာ ကြေးကွင်းတွေမစွတ်ကြပါဘူး။နောက်ပိုင်းမှာ အခုလိုကြေးကွင်းစွတ်ရတဲ့ အကြောင်းရင်းမှာ-
တစ်ခါကရွာတစ်ရွာတွင် အဖိုးကြီးတစ်ယောက်မှာ အလွန်ချောမောလှပတဲ့ သမီးလေးနှစ်ယောက်ရှိတယ်။သူတို့ ဟာအရမ်းကိုချောလွန်းလို့ သူတို့နေထိုင်တဲ့ရွာမှ ယောကျာင်္းလေးတွေမကဘဲ ရွာပတ်ဝန်းကျင်မှာရှိတဲ့တခြား ရွာကယောကျာင်္းတွေလဲ သူတို့ကိုကြိုက်ကြတယ်။

ကရင်နီဒေသမှာ စားလို့ရတဲ့စွယ်တော်အရွက်တစ်မျိုးရှိတယ်။အဲဒီစွယ်တော်ရွက်ဟာ အရမ်းကိုအရသာရှိတယ်။ ဒါပေမယ့် တောထဲမှာဘဲပေါက်တဲ့အတွက် အဲဒီစွယ်တော်ကိုစားရဖို့အတွက် တောထဲအထိ ခက်ခက်ခဲခဲလိုက် ရှာခူးရတယ်။တစ်နေ့မှာ အဲဒီအလွန်ချောတဲ့ညီအစ်မနှစ်ယောက်ဟာ စွယ်တော်ရွက်ကို ခူးဖို့တောထဲကို ထွက်သွားတယ်။တောထဲရောက်တဲ့အခါ စွယ်တော်ပင်တွေကို တွေ့ရပေမယ့် အရမ်မြင့်လို့အရွက်တွေကို တက်ခူးလို့မရဘူး။အဲဒီအချိန်မှာ ဘီလူးကြီးတစ်ကောင်က သူတို့ကိုကြည့်နေတယ်။ပြီးတော့ ညီအစ်မနှစ် ယောက်နားကိုလာပြီး”နင်တို့ကိုငါစွယ်တော်ရွက်တွေ ခူးပေးရမလား”လို့ မေးလိုက်တယ်။သူတို့ညီအစ်မ နှစ်ယောက်ကလဲ”ဟုတ်ကဲ့၊ခူးပေးပါ-ကျေးဇူးတင်ပါတယ်”လို့ ပြောလိုက်တယ်။ညီအစ်မနှစ်ယောက်ဟာ ဘီလူး ကြီးကိုကြောက်ဖို့ထက် စွယ်တော်ရွက်ကို ပိုစားချင်တာကိုး။ဒါနဲ့သူတို့ညီအစ်မနှစ်ယောက်က”ဘီလူးကြီးက အရမ်းသဘောကောင်းတာဘဲ”လို့ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတယ်။
မကြာခင်မှာ ဘီလူးကြီးက စွယ်တော်ရွက်တွေကို ပုလိုင်း(တောင်း)နဲ့ အပြည့်ခူးပြီး သစ်ပင်အောက်ကို ဆင်းလာ တယ်။ပြီးတော့ ညီအစ်မနှစ်ယောက်ကိုပေးပြီး”ငါနင်တို့ကိုစွယ်တော်ရွက်ခူးပေးလို့ နင်တို့ငါ့ကိုလက်ထပ်ရမယ်” လို့ပြောလိုက်တယ်။အဲဒီအခါမှာ ညီမဖြစ်တဲ့သူက “ဘီလူးကြီးရယ်-ကျွန်မတို့နဲ့ လက်မထပ်ပါနဲ့၊ကျွန်မတို့မှာ ယောကျာင်္းရှိပါတယ်”လို့ ပြန်ပြောလိုက်တယ်။ဘီလူးကြီးက “နင်တို့ကိုငါမယုံဘူး-နင်တို့မှာယောကျာင်္းရှိလဲ နင်တို့ကို ငါယူမှာဘဲ”လို့ပြောပြီး သူ့အိမ်ကိုခေါ်သွားတယ်။
ညရောက်တော့ ဘီလူးကြီးက”လာခဲ့ကြ--နင်တို့ငါ့ရဲ့အနားမှာ တစ်ယောက်တစ်ဖက်စီအိပ်ရမယ်”လို့ ပြောလိုက် တယ်။အဲဒီအချိန်မှာ ညီအစ်မနှစ်ယောက်က--“ကျွန်မတို့မအိပ်ခင်မှာ အပေါ့သွားပါရစေ”ဆိုပြီးအပြင်ကို ထွက် သွားတယ်။အပြင်ရောက်တော့ “ဘယ်လိုလုပ်ကြမှာလဲ့၊ငါတို့တော့ ဘီလူးမိန်းမအဖြစ်မခံနိုင်ဘူး”လို့ ပြောကြပြီး တစ်ခုခုခုလုပ်ဖို့ ညီအစ်မနှစ်ယောက်က အကြံထုတ်နေတော့တယ်။ပြီးတော့ ဘေးမှာတွေ့ရတဲ့သံချောင်းတွေနဲ့ လည်ပင်းကိုပတ်ပြီး အထဲကိုပြန်ဝင်လာတယ်။
ဘီလူးကြီးကသူတို့ကိတွေ့တော့ “နင်တို့လည်ပင်းမှာ ဘာတွေလဲ့”လို့ မေးလိုက်တယ်။ဒါနဲ့ညီအစ်မနှစ်ယောက် က”ဘီလူးကြီး--ကျွန်မတို့ဟာ နေ့အချိန်မှာ အရမ်းချောပေမယ့် ညအချိန်မှာဆိုရင် ကျွန်မတို့ရဲ့လည်ပင်းတွေ ဟာ တစ်ဖြည်းဖြည်းရှည်လာပြီး ကျွန်မတို့က အရမ်းကိုအရုပ်ဆိုးလာပါတယ်-ကျွန်မတို့ဟာ ကျိန်စာမိထားပါ တယ်”လို့ပြောလိုက်တယ်။ပြီးတော့ သူတို့ရဲ့လည်ပင်းတွေကို ဆန့်ပြပြီး မျက်လုံးတွေပြူးပြလိုက်တယ်။ဘီလူးကြီး ကအရမ်းကို ကြောက်သွားပြီး”ကောင်းပြီ၊နင်တို့ကိုငါပြန်လွတ်လိုက်မယ်-ဒါပေမယ့် နင်တို့ကိုငါမယုံဘူး--သေချာဟုတ်မဟုတ်ဆိုတာ သိရအောင် နောက်တစ်နေ့ကျရင် နင်တို့ကိုငါထပ်လာကြည့်မယ်”လို့ ပြောပြီးပြန် လွတ်ပေးလိုက်တယ်။
အိမ်ပြန်ရောက်တော့ သူတို့ရဲ့အဖေကို အကြောင်းစုံရှင်းပြလိုက်တယ်။အဲဒါနဲ့ သူတို့အဖေကလဲ”ဒါဆိုရင်-နင်တို့ကို ဘီလူးးရဲ့ရန်က ကာကွယ်ဖို့အတွက် ငါလုပ်ပေးမယ်”လို့ပြောပြီး အဲဒီညီအစ်မနှစ်ယောက်လုံးရဲ့လည် ပင်းမှာ ကြေးကွင်းတွေစွပ်ပေးလိုက်တယ်။အဲဒီအချိန်ကစပြီး ကယန်းအမျိုးသားတွေဟာ ဘီလူးရဲ့ရန်ကနေကာ ကွယ်ဖို့လည်ပင်းမှာ ကြေးကွင်းတွေကို အခုထိစွပ်ထားကြတယ်။

No comments:

About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.