Welcome To Karenni Refugee Camps!!!

Sunday, June 29, 2014

ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်း ဒုက္ခိတရွာ ကရင်နီကျန်းစာကျောင်းတွင် သူခိုးဝင်

ဇွန်လ (၂၈)ရက်နေ့ ညနေပိုင်း (၇)နာရီခွဲလောက်အချိန်တွင် ဒုက္ခိတရွာရှိ ကရင်နီကျန်းစာကျောင်းတစ်ကျောင်းတွင် သူခိုးနှစ်ဦးဝင်ရောက်ခဲ့သည်၊ ဘယ်လိုဝင်ခဲ့လဲဆိုတာကို "သူတို့ ဘုရားရှိခိုးဖို့ ဘုရားကျောင်းတွင် အားလုံးလာကြတယ် အိမ်တခါးတွေကတော့ အကုန်လုံးဖွင့်ထား ခဲ့တယ် ကျန်းစာကျောင်းကကျောင်းသားတစ်ယောက်က ဆေးသောက်ချိန်ရောက်တော့
ဆေးသောက်ဖို့ပြန်သွားတယ် ပြန်တော့အဲဒီသူခိုးကိုတွေ့တယ် သူအော်ပြီးသူခိုးနောက်ကိုလိုက်တယ်
ကျန်တဲ့သူတွေလည်း  သူ့နောက်ကို မနီးမဝေးလိုက်ကြတယ် ပြီးတော့တောင်အောက်နားက ဝါးရုံအောက်မှာ သူခိုးပြေးဝင်သွားတယ် အဲဒီမှာမှောင်တော့ သူတို့ဆက်မလိုက်တော့ဘဲ ပြန်သွားတယ် ကျနော်တို့ရွာသူရွာသားတွေလည်း လိုက်ကြပါတယ်ပြီးတော့ ပြီးတော့ အဲဒီကိစ္စနှင့် ပါတ်သက်တာ တတိထားဖို့ ကျနော်တို့ ဆွေနွေးခဲ့ကြပါတယ်"ရွာသားတစ်ဦးသိရှိရသလောက်ပြောသွားပါတယ်။
ထိုကိစ္စ မဖြစ်ခင်မှာ နှစ်ခါဖြစ်သွားခဲပြီး ပထမတစ်ခါတွင် ကျန်းစာကျောင်းက ကျောင်းသူတစ်ဦးတွေံခဲ့သည်၊ ဒုတိယတစ်ခေါက်တွင် ကျောင်းသားတစ်ဦး ထမင်းစားပြီး အပေါ့သွားရန်တွင် သူခိုးထိုးနက်ခြင်းခံရခဲ့သည်ဟုသိရသည်။

No comments:

About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.