Welcome To Karenni Refugee Camps!!!

Saturday, June 28, 2014

စခန်းအပြင်ထွက်တရားမဝင်လမ်း ထိုင်အာဏာပိုင်မှတပ်များ ဂိတ်စောင့်တော့မည်

ဒုက္ခသည်စခန်းအတွင်းနေထိုင်သော စခန်းသူစခန်းသားများသည် တရားမဝင်အပြင်ထွက် သွားလာမှုများကြောင့် ထိုင်နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊ အပြင်မထွက်စေချင်တာအပါအဝင် ထိုင်အာဏာပိုင်များ တရားမဝင် စခန်းပြင်ထွက်လမ်း ဂိတ်ကို မကြာခင်မှာ တပ်များစောင့်တာ့မည်ဖြစ်သည်။ စခန်းခြေပြုအဖွဲ့များ အတွက် တရားဝင် ဂိတ်ဖြတ်ကဒ်များ ပြုလုပ်ပြီး သွားလာခွင့်ပြုမည် ထိုကိစ္စနှင့် ပါတ်သက်၍ တစ်ဆက်ထဲမှာပင် "ထိုင်းနိုင်းငံသည် စစ်တပ်မှအာဏာသိမ်းပြီးဖြစ်ပြီး ယခုတွင် စစ်တပ်မှအုပ်ချုပ်နေသည် တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လိုက်လံစစ်ဆေပြီး ဖြစ်သော်လည်း ဆက်လက်ဖမ်းမိပါက ပြည်သူ့တရားရုံးနှင့် မရင်ဆိုင်ရဘဲ စစ်တပ်တရားရုံးနှင့်သာရင်ဆိုင်ရမည် စစ်တပ်တရားရုံးသည် ပြစ်ဒဏ်နှစ်ဆ စီရင်ခြင်းခံရမည်" ဟု မဲဟောင်ဆောင်ခရိုင် အကြီးအကဲတစ်ဦးမှ အာဏာပိုင်အစည်းအဝေးတွင် ပြောကြားသွားပါသည် ။ ထို့ကြောင့် ဤကြောင်းနှင့်ပါတ်သက်၍ ထိုင်းအာဏာပိုင်များမှ စခန်းသူစခန်းသားများ မရင်ဆိုင်ရလေအောင် တပ်များမှ စခန်းနေ စခန်းသူသားများကို အပြင်မထွက်စေတော့ဘဲ တရားမဝင်ဂိတ်ကို တပ်များမှ ဂိတ်စောင့်သွားမည်ဖြစ်သည်။

No comments:

About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.