ဆောင်လေဒူတောင်နှင့်ပါတ်သက်၍
ယင်းဘောင်တို့ပုံပြင်၌ လွိုင်ကော်မြို့မှ အနောက်ဖက် စူးစူးသို့ကြည့်လိုက်လျှင် အခြားတောင်များးထက်
မြင့်မားသောတောင်တစ်လုံးရှိသည်။ ထိုတောင်မှာ ဆောင်လေဒူတောင်ဖြစ်ပြီး ရှမ်းဘာသာအား ဖြင့်
လွိုင်နန်းဖဟုခေါ်၍ မြန်မာလိုနတ်သမီးတောင် ဟုခေါ်သည်။ ယင်းဘော်စကားဖြင့်ထိုတောင်ကို ဆောင်လေဒူတောင်နှင့်
မြန်မာလို စွန်တာင်ကြီး ဟုအဓိပါယ်ရပြန်သည်။ ကမ္ဘာကြီးကို ရေ လွမ်းမိုးသောအခါတွင် ဆောင်လေဒူတောင်မှ
စွန်ငှက်တကောင် စာခန့်ရေ ပေါ်တွင်ပေါ် သောကြောင့် စွန်တောင်ကြီးဟုခေါ်လေသည်။
ထိုတောင်သည်
မြင့်မြတ်၍ ပိုင်ရှင်စိုက်ထားသကဲသို့ ငရုတ်ပင်၊ ခရမ်းပင်များရှိသည်။ မြင်းခြေရာနှင့်
မြင်းချေးများကို လည်းတွေ့ရသည်။ ယင်းဘော်တို့သည် ထိုတောင်ကို တက်လျှင် ကျင်ကြီးကျင်ငယ်များ
အရမ်းအစွန့်ကြပဲ ဝါးဗူး၊ ဝါးကျည်တောက်များတွင် သာစွန့်ကြသည်။ ၁၉၄၂ ခုနှစ် ဧပြီလနှင့်
သြဂုတ်လတွင် ဂျပန်များက ကယားပြည်ရှိ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်သည့်အခွ၍ ရွာသူရွာသားများအားသတိပေးသည့်အနေဖြင့်
တောင်မှမောင့်းတီသံများ ထွက်ပေါ်လာသည်ဟု ယင်းဘော်တို့ပြော လေံရှိကြသည်။ ထိုတောင်ပေါ်တွင်
နတ်သစ်ရွက်တစ်မျိုးရှိသည်။ ယင်းနတ်သမီရွက်သည် အနာရောဂါများကို ချက်ချင်းပျောက်အောင်ကုသနိုင်သော
သတ္တိရှိသည်ဟုယင်းဘော်တို့ယုံကြည်ကြလေသည်။
No comments:
Post a Comment