Welcome To Karenni Refugee Camps!!!

Wednesday, June 18, 2014

ဝါးပိုး

ရှေးအခါက အရှေ့ဖက်အရပ်တွင် တောင်တစ်လုံးရှိပြီး အနောက်ဖက် အရပ်တွင်လည်း တောင်တစ်လုံးရှိသည်။ အနောက်ဖက်အရပ်တွင်ရှိသည့်တောင်ကို ”ဖေါ်ဘော်ခိုတောင်” ဟုခေါ်ဝေါ်ကြပြီး အရှေ့ဖက်အရပ်တောင်ကို ”ကယ်ဖတောင်” ဟုခေါ်ဝေါ်ကြသည်။ ကယ်ဖတောင်၏ ခြေရင်းသည်ကျယ်ပြန့်ပြီး အပေါ်သို့ မက်စောင့်စွာတက်သွားပြီး တောင်ထိပ်မှာ ချွန်ထွက်နေသည်။
တစ်ခါကဤ တောင်နှစ်လုံးသည် ရန်ဖြစ်ပြီး အနောက်ဖက်အရပ်တွင်ရှိသော ”ဖေါ်ဘော်ဖိုတောင်” က ဓါးမကြီးကိုယူ၍ အရှေ့ဖက်အရပ်တွင်ရှိသော ”ကယ်ဖတောင်” ၏ထိပ်ကို ခုတ်ချလိုက်သည်။ သို့သော် “ကယ်ဖတောင်” ၏ထိပ်တွင် ပြတ်မသွားပေ၊ နည်းနည်းသာ ရွဲစောင်းသွားသည်။ “ကယ်ဖတာင်” က “ဖေါ်ဘော်ခိုတောင်” ကို ပြန်ခုတ်မည့် ဓါးမကြီးမရှိသဖြင့် သူ၌ရှိသောဝါးပိုးတစ်ချောင်းကို နှုတ်ယူပြီး “ဖေါ်ဘော်ခိုတောင်”ကို ပစ်ပေါက်လိုက်သည့်အခါ “ဖေါ်ဘော်ခိုတောင်” တွင်အပေါက်ကြီးကြီးတစ်ပေါက် ဖြစ်သွားသည်။ “ဖေါ်ဘော်ခိုတောင်” တွင်ဝါးပိုးမရှိ၍ ၄င်းတွင်ရှိသောမက်စလီဝါးကို နှုတ်ယူပြီး “ ကယ်ဖတောင်” ကိုပြန်၍ပစ်ပေါက်လိုက်သည်။ သိုသော် “ကယ်ဖတောင်” ကိုမထိဘဲ ၄င်း၏ခြေရင်းဘေးတွင် ရှိနေသောနေရာလွတ်သို့ မက်စလီဝါးစိုက်သွားသည်။
ထို့ကြောင့်ယနေ့တိုင် အရှေ့ဖက်အရပ်ရှိ “ကယ်ဖတောင်” ထိသည် နည်းနည်းရွဲ့စောင်းနေပြီး တောင်ခြေရင်း၏ ဘေးတွင်မက်စလီဝါးပင်များ အများအပြားပေါက်နေသည်ကိုတွေ့ရသည်။ အနောက်ဖက် အရပ်တွင်ရှိသည့် “ဖေါ်ဘော်ခိုတောင်” ကို အဝေးမှလမ်းကြည့်လျှင် အပေါက်ကြီးကြီးတစ်ပေါက်ကို တွေ့ရမည်အပြင် တောင်၏ ခြေရင်းတွင် ဝါးပိုးများ အများအပြားပေါက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

No comments:

About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.